ဖားကန့် ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် ဒီဇင်ဘာ ၂၃ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြိုဖများနှင့် ဒီဇင်ဘာ ၂၂ ရက်က မြေစာများပြိုကျရာတွင် အသက်ဆုံးရှုံးသွားခဲ့သည့် မိသားစုဝင်များအား တွေ့ဆုံကာ အားပေးစကား ပြောကြားသည်။
ထို့နောက် ဖားကန့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ပါဝါပွိုင့်ဖြင့် တင်ပြပြီး လူမှုရေးရာဝန်ကြီးက မြေပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြသူများ၏ ကျန်ရစ်သူမိသားစုဝင်များအား တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ အနောက်ဘက် စိန်စိန်ကုမ္ပဏီလုပ်ကွက်နှင့် ဂျိတ်ပါဝါကုမ္ပဏီလုပ်ကွက်အတွင်း မြေပြိုကျခဲ့သည့်နေရာများကို ကြည့်ရှုစစ်ဆေးကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးမိုးဝေ(ပြန်/ဆက်)