ချောင်းသာ   ဒီဇင်ဘာ   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက (၃)ရပ်ကွက်ရှိ မဟာဗန္ဓုလလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးမင်းဇော်က လမ်းဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၊ မြို့စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးတင်လှမိုး၊ ကော်မတီအဖွဲ့ဝင် ဦးမင်းဇော်တို့က လမ်းသစ်မုခ်ဦး ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်အား ရွှေသောင်ယံမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာနှစ်၊ (၆)လတာကာလ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လမ်းအရှည် ၃၃၅ ပေအား အကျယ် ၁၄ ပေ၊ ထု ၈ ပေ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ ရာသီမရွေး အစဥ်ပြေစွာ အသုံးပြုသွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)