မတ္တရာ   ဒီဇင်ဘာ   ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာအုပ်စု ကံဖြူ အနောက်ကွင်း ကွင်းအမှတ်(၂၂၅) ဦးပိုင်အမှတ်(၃၈) တောင်သူ ဒေါ်ချိုပြုံးရီ စိုက်ပျိုးထားသော ရတနာတိုး မိုးစပါး ၀ ဒဿမ ၀၀၁ ဧက စံကွက်ရိတ်သိမ်းပွဲကို ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသီတာနှင့် ဝန်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြသည်။ ရတနာတိုး မိုးစပါးစံကွက် ရိတ်သိမ်းရာတွင် အထွက်နှုန်း အခြောက်တင်း ၉၈ ဒသမ ၂၇ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)