မိုင်းယု   ဒီဇင်ဘာ   ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် လမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆လ)(Mini)၊ ပြည်နယ်(ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေများဖြင့် မိုင်းယောင်း-မိုင်းယု ကားလမ်း Box Culvert အသစ်တည်ဆောက်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းခြင်း လုပ်ငန်းများကို မိုင်းယောင်းမြို့နယ်၊ လမ်းဦးစီးဌာနတို့မှ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လမ်းခင်းမှုကို မိုင်းယောင်းမြို့နယ် လမ်းဦးစီးဌာနမှ ကြီးကြပ်/တာဝန်ခံအင်ဂျင်နီယာ ဦးထက်ဝေတင့် (ဦးစီးအရာရှိ၊(မြို့/ပြ)က တာဝန်ယူလျက်  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၏ (၆လ)(Mini)၊ ပြည်နယ်(ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေများဖြစ်သည့် ငွေကျပ် ၂၂ သန်းဖြင့် လမ်းအရှည်  ၂၇ ကီလိုမီတာနှင့် ၂၈ ကီလိုမီတာအတွင်းရှိ Pipe Culvert နှစ်စင်းအား (၁ ဒဿမ ၅၂ မီတာ - ၁ ဒဿမ ၅၂ မီတာ - ၉ ဒဿမ ၁၄ မီတာ)ရှိသည့် Box Culvert အသစ်နှင့်  ငွေကျပ် ၁၁ သန်းဖြင့် လမ်းအရှည်  ၂၆ ကီလိုမီတာနှင့် ၂၇ မီတာအတွင်းရှိ Pipe Culvert တစ်စင်းအား (၁ ဒဿမ ၅၂ မီတာ - ၁ ဒဿမ ၅၂ မီတာ - ၉ ဒဿမ ၁၄ မီတာ)ရှိသည့် Box Culvert အသစ် တည်ဆောက်ခြင်း လုပ်ငန်းတို့ကို လည်းကောင်း ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် အပြီး တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)