ကာမိုင်း   ဒီဇင်ဘာ   ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်စီးအင်ကျေးရွာအုပ်စု၊ ထွယ်ဆန်ယန် ကျေးရွာရှိ KBC လိုင်နောင်းစစ်ရှောင်စခန်းနှင့် RC ဓမ္မာရုံ စစ်ရှောင်စခန်းများမှ ပြည်သူများအား ဆန်အိတ်များကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက သွားရောက် ထောက်ပံ့ခဲ့သည်။

အဆိုပါ ထောက်ပံ့သည့် ဆန်အိတ်များမှာ ကချင်ပြည်နယ် သဘာ၀ဘေးအန္တရယ် စီမံခန့်ခွဲမှုဦးစီဌာနမှ စစ်ရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည့်အတွက် ကာမိုင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ဆက်လက်သွားရောက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကာ KBC လိုင်နောင်းစစ်ရှောင် စခန်းအတွက် ၃၂ အိတ်နှင့် RC ဓမ္မာရုံ စစ်ရှောင်စခန်းအတွက် ၁၆ အိတ် စုစုပေါင်း ၄၈ အိတ်အား ပေးအပ်ရာ စစ်ရှောင်စခန်းမှ တာ၀န်ခံများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)