ကြို့ပင်ကောက်   ဒီဇင်ဘာ   ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ပြေးခုန်ပစ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက မီတာ ၄၀၀ ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်သည်။

အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားမှူး ဦးမြင့်နိုင်နှင့် ပညာရေးဌာန ကာယ ဆရာ ဆရာမများက ဒိုင်များအဖြစ် ဦးဆောင်ခဲ့ပြီး ပြေးခုန်ပစ် အားကစားနည်း ၁၂ မျိုးကို အထက်တန်၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြေးခုန်ပစ် အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား ကျောင်းသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အားကစားမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)