ပွင့်ဖြူ   ဒီဇင်ဘာ   ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ကြားနေ သော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ကျောင်းသားအိပ်ဆောင် အဆောက် အအုံသစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက အဆိုပါ အဆောက်အအုံတွင်  ပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းသားအိပ်ဆောင်ဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ကျောင်းသားအိပ်ဆောင် အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ ဝန်ကြီးချုပ် ဦးတင့်လွင်က “တည်ဆောက်ပြီးစီးသည့် ကျောင်းသားအိပ် ဆောင်အား ရေရှည်တည်တံ့ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် အရည်အသွေးပြည့်ဝသော ကျောင်းသား ကျောင်းသူများ တိုးပွားလာအောင် လေ့ကျင့်သင်ကြားပေးသွားရန်” ပြောကြားသည်။

ထို့နောက် ကျောင်းသားအိပ်ဆောင်အား တာဝန်ယူတည်ဆောက်သည့် Glassxy Power  ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာက ကျောင်းသားအိပ်ဆောင် အဆောက်အအုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပွင့်ဖြူမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင်ထံ 

ဆောက်လုပ်ပြီးစီးသွားသည့် ကျောင်းသားအိပ်ဆောင်မှာ အလျား ၁၃၇ ပေ၊ အနံ ၃၂ ပေရှိပြီး အာရ်စီနှစ်ထပ် အဆောက်အအုံ အမျိုးအစားဖြစ်ကာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၆၂ ဒသမ ၉၆ သန်းဖြင့် မကွေးမြို့ ၊ Glassxy Power ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ရဲဝင်းနိုင်(ညောင်ဦး)