ကော့သောင်း ဒီဇင်ဘာ ၂၅
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများတွင် ကော့သောင်းမြို့၊ ရွှေမင်းဝံ အထကခွဲကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ စဉ်းစားတွေးတော ဆင်ခြင်ကြံဆမှုနှင့် တီတွင်ဖန်တီးလိုစိတ်များ မြင့်မားလာစေရန်၊ ဖြတ်ထိုးဉာဏ်၊ စိတ်ကူးစိတ်သန်းများ ထက်မြက် လာစေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ကျော်စိုး(ကော့သောင်း)