ကျောက်တော် ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းမှစတင်ပြီး အစိုးရရေကြောင်းပိုင် ရေနယား(၄၁၆၃)ရေယာဉ်ဖြင့် ခရီးသွားပြည်သူများနှင့် ကုန်စည်စီးဆင်းမ အဆင်ပြေချောမွေ့စေရန် ပြန်လည်ပြေးဆွဲပေးလျက်ရှိသည်။
အစိုးရရေကြောင်းပိုင် ရေယာဉ်များမှာ ကျောက်တော်မြို့နှင့် ပလက်ဝမြို့သို့ မပြေးဆွဲသည်မှာ ဆယ်စုနှစ် နှစ်စုတောင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခုအခါ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ နယ်မြေအေးချမ်း နေပြီဖြစ်၍ ရေယာဉ်လိုင်းအား ပြန်လည်ပြေးဆွဲခြင်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုမှာလည်း အဆင်ပြေ ချောမွေ့သွားပြီ ဖြစ်ကြောင်း၊ ကျောက်တော် - ပလက်ဝ တစ်ညအိပ်နှင့် ပလက်ဝ-ကျောက်တော် တစ်ညအိပ် ရေယာဉ်လိုင်းဖြင့် ခရီးသွားပြည်သူများ အလွယ်တကူ ခရီးသွားရောက်နိုင်ပြီဖြစ်သည်။
အဆိုပါ ရေနယားရေယာဉ်၏ ဈေးနှုန်းမှာ ကျောက်တော်မြို့မှ ပလက်ဝမြို့သို့ တစ်ဦးလျှင် ငွေကျပ် ၁၈၀၀ နှုန်းဖြင့် လည်းကောင်း၊ ကုန်ပစ္စည်း တစ်ပိဿာလျှင် ငွေကျပ် ၁၈၀ နှုန်းဖြင့်လည်းကောင်း ကျသင့်မည်ဖ ြစ်ကြောင်း၊ ရေယာဉ်ပေါ်တွင် သံထည်ပစ္စည်း၊ ဘိလပ်မြေ၊ ဆန်နှင့် စက်သုံးဆီများအား တင်ဆောင်ခွင့် မပြုကြောင်း၊ ရေကြောင်းလိုင်းမှာ တစ်ပတ်လျှင် တစ်ကြိမ်စီ ပြေးဆွဲသွားဖြစ်ကြောင်း ရေယာဉ်တာဝန်ရှိ သူတစ်ဦးဖြစ်သည့် ဦးညီညီကျော်ထံမှ သိရသည်။
ရေယာဉ်ဖြင့် လိုက်ပါစီးနင်းလိုသူများအနေဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်ပါက မှတ်ပုံတင်၊ မိမိဌာနမှ ဌာနအကြီးအကဲ၏ ထောက်ခံချက်ကို တင်ပြရမည်ဖြစ်ကြောင်း၊ ခရီးသွားပြည်သူများဖြစ်ပါက ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ကို တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)