ငွေဆောင် ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေရှိ ချစ်သူများကျွန်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် ဦးဆောင်ကာ မြို့အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ချစ်သူများ ကျွန်း ကမ်းခြေတစ်လျှောက်ရှိ စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်း၊ အမှိုက်ကားဖြင့် သယ်ယူစွန့်ပစ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူမူ(ငွေဆောင်)