နေပြည်တော် ဒီဇင်ဘာ ၂၅
နေပြည်တော်တွင် အဘိဓမ္မာ(ဂုဏ်ထူး)၊ အဘိဓမ္မာ(ရိုးရိုး)နှင့် ဝသုဒ္ဓိမဂ် စာမေးပွဲများကို ပျဉ်းမနားမြို့နယ်၊ အုန်းတော ပရိယတ္တိစာသင်တိုက် စာဖြေဌာနနှင့် ဇမ္ဗူသီရိမြို့နယ် နန်းဦးပရိယတ္တိစာသင်တိုက် စာဖြေဌာနတို့တွင် ဖြေဆိုလျက်ရှိရာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက စာမေးပွဲကြီးကြပ် ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး ဩဝါဒခံယူကာ စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုစစ်ဆေးအားပေးသည်။
အဆိုပါ စာမေးပွဲများအား ပျဉ်းမနားမြို့နယ်၊ အုန်းတောပရိယတ္တိစာသင်တိုက် စာဖြေဌာနနှင့် ဇမ္ဗူသီရိမြို့နယ် နန်းဦးပရိယတ္တိစာသင်တိုက် စာဖြေဌာနတို့တွသ် အဘိဓမ္မာ(ဂုဏ်ထူး)စာမေးပွဲတွင် လူပုဂ္ဂိုလ် အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး၊ အဘိဓမ္မာ(ရိုးရိုး)စာမေးပွဲတွင် လူပုဂ္ဂိုလ် အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ၁၅ ဦး၊ နှင့် ဝသုဒ္ဓိမဂ် စာမေးပွဲတွင် သီလရှင် တစ်ပါး၊ လူပုဂ္ဂိုလ် အမျိုးသမီး ရှစ်ဦး စာမေးပွဲဖြေဆိုသူ ၃၆ ဦးတို့က ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဖြိုး(ပြန်/ဆက်)


