ရွှေဘို၊ ဒီဇင်ဘာ ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်ချင်ကျေးရွာတွင် မိုးစပါး တစ်ဧကထွက်နှုန်း တိုးတက်ရေးနှင့် မျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်ထားသည့် စိုက်ဧကများကို စံကွက်ရိတ်သိမ်းခြင်းကို ဒီဇင်ဘာ ၂၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါစံကွက်ရိတ်သိမ်းခြင်းကို မြင်ချင်ကျေးရွာရှိ တောင်သူ ဦးငချုံ၏ ရွှေဘိုပေါ်ဆန်း စိုက်ဧကတွင်   တစ်ထောင်ပုံ တစ်ပုံ ဖြစ်သည့် (၆) ပေ ပတ်လည် စံကွက်အရ အထွက်တင်း (အစို)  နို့ဆီဘူး ပျမ်းမျှ (၁၄ ဒသမ ၄၇) ဘူး ထွက်ရှိပြီး တစ်ဧက (၁၁၃ ဒသမ ၀၅) တင်း ထွက်ရှိကြောင်းနှင့် တောင်သူ ဦးအောင်မြင့်နိုင်၏ ရွှေဘိုပေါ်ဆန်း စိုက်ဧကတွင် တစ်ထောင်ပုံ တစ်ပုံ ဖြစ်သည့် (၆) ပေ ပတ်လည် စံကွက်အရ အထွက်တင်း (အစို) နို့ဆီဘူး ပျမ်းမျှ (၁၄ ဒသမ ၁၇) ဘူး ထွက်ရှိပြီး တစ်ဧက (၁၁၀ ဒသမ ၇၀) တင်း ထွက်ရှိကြောင်း သိရသည်။

 

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေး မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်းနှင့် ဝန်ထမ်းများ၊ လယ်ယာ မြေစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူများ ပူးပေါင်းကာ စံကွက်ရိတ်သိမ်းခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)