ဂျေရုဆလင် ဒီဇင်ဘာ ၂၇

 

အစ္စရေးနိုင်ငံတွင် ဒီဇင်ဘာ ၂၅ ရက်က ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်ကူးစက်ခံရသူ ၅၉၁ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။ ။

 

ထို့ကြောင့် နိုင်ငံအတွင်း အိုမီခရွန် ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၁၁၈ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

 

ကူးစက်ခံရသူများအနက် ၇၂၃ ဦးမှာ နိုင်ငံရပ်ခြားမှ ပြန်လာသည့် ခရီးသည်များဖြစ်ပြီး နောက်ထပ် ၈၆၁ ဦးမှာလည်း အိုမီခရွန် ကူးစက်ခံထားရသည်ဟု သံသယရှိသော်လည်း ရလဒ်အတိအကျ မသိရသေးချေ။ ထိုစဉ် အစ္စရေးနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ဦးရေမှာ ၁၃၆၃၅၇၇ ဦးအထိ များပြားလာခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ဦးရေမှာလည်း ၈၂၄၁ ဦး ရှိသည်။ စိုးရိမ်ရသည့်ကျန်းမာရေးအခြေ အနေရှိသူမှာလည်း ၈၈ ဦး မှ ၉၀ အထိ ရှိလာခဲ့သည်။

 

ဆင်ဟွာ