တီဟီရန် ဒီဇင်ဘာ ၂၇
အီရန်နိုင်ငံသည် အိုမီခရွန်ကူးစက်မှုအန္တရာယ်ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နယ်စပ်များကို ပိတ်ထားရန်အတွက် ဒီဇင်ဘာ ၂၅ ရက်က ကြေညာခဲ့သည်ဟု သိရသည်။
အီရန်နိုင်ငံ အကောက်ခွန်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရူဟိုလာ လက်တစ်ဖီက အီရန်၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တူရကီ၊ အီရတ်၊ အာဖဂန်နစ္စတန်၊ အဇာဘိုင်ဂျန်၊ ပါကစ္စတန်နှင့် အာမေးနီးယား နယ်စပ်များကို လဝက်ကြာ ပိတ်ထားမည်ဟု ပြောသည်။ အီရန်နိုင်ငံတွင် ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ အရေအတွက်မှာ ၁၁၂၁ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒီဇင်ဘာ ၂၅ ရက်တွင် ဖော်ပြသည်။
ထို့ကြောင့် တိုင်းပြည်အတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်မှာလည်း ၆၁၈၂၉၀၅ ဦးရှိလာသည်။ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူ ဦးရေမှာလည်း ၆၀၂၄၂၁၁ ဦးရှိသည်။ အထူး ကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၂၇၈၁ ဦးရှိသည်ဟု သိရသည်။ ။
အီရန်နိုင်ငံတွင် အိုမီခရွန် ကူးစက်မှုကို ဒီဇင်ဘာ ၁၉ ရက်တွင် စတင်တွေ့ရှိခဲ့ပြီး ယူအေအီးနိုင်ငံမှ ပြန်လာသည့် ခရီးသွား တစ်ဦးတွင် ကူးစက်မှုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဆင်ဟွာ