ရှမ်းရွာသစ် ဒီဇင်ဘာ ၂၇

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ထက်/လယ်ဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရှမ်းရွာသစ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အလယ်တန်းအဆင့်တွင် "လွတ်လပ်ရေး၏အနှစ်သာရ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့်တွင် "လွတ်လပ်ရေးနေ့" ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။

 

စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ရခြင်းမှာ ကျောင်းသား/ကျောင်းသူများ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်း ဆုများပေးအပ်ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ရှမ်းရွာသစ်(ပြန်/ဆက်)