မင်းကင်း ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သည်။
အဆိုပါ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာသို့ မင်းကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ထက်အောင်၊ မြို့နယ် အား/ကာမှူး ဦးမျိုးမင်းအောင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဇင်အေးတို့က တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အားကစားပြိုင်ပွဲတွင် အားကစားနည်း(၇)မျိုး ထည့်သွင်းကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲအပြီး၌ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုချိုဆက်(မင်းကင်း)


