အိမ်မဲ ဒီဇင်ဘာ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၁)ကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

 

ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၇ ရက်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပူပေါင်းဖောက်ပြိုင်ပွဲ(ကျား/မ)၊ ဂုန်နီအိတ်စွတ်ပြိုင်ပွဲ(ကျား/မ)၊ အားလူးကောက်ပြိုင်ပွဲ(ကျား/မ)၊ ထုပ်ဆီးထိုးပြိုင်ပွဲ(မ)၊ လွန်ဆွဲပြိုင်ပွဲ(ကျား/မ)၊ ဒီဇင်ဘာ ၂၈ ရက်တွင် စာစီစာကုံးပြိုင်ပွဲနှင့် ဒီဇင်ဘာ ၂၉ ရက်တွင် ကျပန်းစကားပြောပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲများမှ ဆုရရှိသည့် ပြိုင်ပွဲအလိုက် (၁၀)ဦးစီကို ရွေးချယ်ပြီး အခြားကျောင်းများမှ ပြိုင်ပွဲဝင်များနှင့် ယှဉ်ပြိုင်စေကာ ဆုရရှိသူများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)