ကျောင်းကုန်း ဒီဇင်ဘာ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အထက်တန်းဆင့်ပြိုင်ပွဲဝင် (၂၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်းကျောင်းအုပ် ဆရာကြီး ဆရာမကြီးများက အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။ ပြိုင်ပွဲ၌ ဆုရရှိကြသူများကို ဒီဇင်ဘာလကုန်၌ ကြေညာပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)