တန့်ယန်း ဒီဇင်ဘာ ၂၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂-၂၀၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားသည့် စိုက်ပျိုးမြေဧက ၁၂၀ ကျော် အကျိုးပြုမည့် နားဆောင်ကျေးရွာ ကုန်ထုတ်လမ်း၊ တံတားဖောက်လုပ်ခြင်းလုပ်ငန်းများကို ယခုလ တတိယအပတ်မှ စတင်ဖောက်လုပ်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများ၊ ကုန်ထုတ်တံတားများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ၂၀၂-၂၀၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် နားဆောင်ကျေးရွာ ကုန်ထုတ်လမ်း အရှည် တစ်မိုင် အကျယ် ၁၂ ပေ အမြင့် ကိုးလက်မထု ဗြုန်းကျောက်ခင်းခြင်းနှင့် Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၄၀ ဒသမ ၀၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် အသောကကုမ္ပဏီမှ ယခုလတတိယအပတ်မှစတင်ကာ တာဝန်ယူဖောက်လုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းက ပြောသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များဖြည့်စွက်မှာကြားသည်။

 

အဆိုပါ နားဆောင်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက အဆိုပါကျေးရွာရှိ လူဦးရေ ၂၄၀ တို့ စိုက်ပျိုးမြေ ဧက ၁၂၀ ကျော် အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)