တာလေ ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့၌ ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံထားရခြင်း ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး Sinopharm ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ နားယောင်းကျေးရွာ အုပ်စုအတွင်း ဆေးထိုးစုရပ် (၄) နေရာတွင် အသက် ၁၈ နှစ်အထက်ရှိ သံဃာတော်များနှင့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဦးစွာ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ သွေးပေါင်ချိန်ခြင်း၊ ရောဂါပိုးကူးစက်ခံထားရခြင်း ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပြီး ရောဂါပိုးကင်းရှင်းသူများကိုသာ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးများ ထိုးနှံခြင်းကို နားယောင်းကျေးရွာအုပ်စုအတွင်း တောင်သုံးလုံး၊ နမ့်ပိန်း၊ ရန်ကင်း(၁)နှင့် တာကြန့်ကျေးရွာတို့ရှိ ဆေးထိုးစုရပ်(၄)နေရာမှ အသက် ၁၈ နှစ်အထက် သံဃာတော်များနှင့် ကျေးရွာနေပြည်သူများအထဲမှ စတုတ္ထအသုတ် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူ (၃၅၀)ဦးအား ဆေးထိုးစုရပ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို စတုတ္ထအသုတ် ဒုတိယအကြိမ် ထပ်မံထိုးနှံပေးခြင်းဖြစ်ကြောင်း၊ တိုက်နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေး စေတနာ့ဝန်ထမ်းများ ကျေးရွာအုပ်စုအုပ်ချုပ်ရေး အဖွဲ့များနှင့် ကျေးရွာမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသအတွင်းရှိ ကျေးရွာနေပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုများမဖြစ်ပေါ်စေရေး တာဝန်ရှိသူများမှ ကျေးရွာများအထိကွင်းဆင်း၍ စနစ်တကျစာရင်းကောက်ယူပြီး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)