ပေါက်ခေါင်း   ဒီဇင်ဘာ   ၂၈

 

အရှိုချင်း တိုင်းရင်းသားများ စုပေါင်းပြုလုပ်သည့် အရှိုချင်း ရိုးရာကောက်သစ်စားပွဲတော်ကို ဒီဇင်ဘာ ၂၇ ရက်က ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုကျေးရွာအုပ်စု၊ ငှက်တော်ဦးကျေးရွာတွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါ ကောက်သစ်စားပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက် နှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းဒေသကြီး အရှိုချင်း စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဆလိုင်းအေးပိုင်က အရှိုချင်း ကောက်သစ်စားပွဲတော် ပြုလုပ်ရသည့် ရိုးရာဓလေ့များ အကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာများနှင့် တက်ရောက်လာသော တိုင်းရင်းသားများသည် အဆိုပါကျေးရွာရှိ အရှိုချင်း တိုင်းရင်းများနှင့်အတူ ကောက်သစ်စားပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)