မိုးမောက် ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၊ ကြေးနန်းရပ်ကွက် အထက(ကြံခင်း)၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၂၇ ရက်က အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် မီတာ ၅၀ အပြေးပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲ (၅)မျိုးကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအလိုက် ကျင်းပပေးခဲ့ကြောင်းနှင့် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်တောင်နှင့် ဆရာ၊ ဆရာမများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)