ကျိုက်ဒုံ   ဒီဇင်ဘာ   ၂၈

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မိနန်းအပ်ကျေးရွာ

အုပ်စု၊ အိမ်ဆိုင်ကျေးရွာနေ တောင်သူ ဒေါ်စံပယ်၏ လယ်ယာစိုက်ခင်းတွင် ပဲပုပ်သီးနှံ အစေ့ချကိရိယာဖြင့် မျိုးစေ့ချ စိုက်ပျိုးခြင်း နည်းပညာများ ပြသဆောင်ရွက်သည်။

 

ထိုသို့ ပဲပုပ်သီးနှံအစေ့ချ ကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း နည်းပညာများ ပြသဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှမြင့်က တောင်သူများ အနေဖြင့် နှစ်စဉ် စပါးတစ်သီးသာ စိုက်ပျိုးသဖြင့် ပဲပုပ်သီးနှံအား စိုက်ပျိုးခြင်းကြောင့် မိသားစုအပိုဝင်ငွေများ ရရှိလာစေရန်နှင့် သီးထပ်စွမ်းအား မြင့်တက်လာစေရေး အတွက် ရည်ရွယ်ပြီး စပါးအပြီး ပဲပုပ်သီးနှံအား အစေ့ချ ကိရိယာဖြင့် စိုက်ပျိုးပြသ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ပြန်/ဆက်)