လှိုင်းဘွဲ ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်သည်။
အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးကို ထိန်းသိမ်းဖို့ တိုင်းရင်းသားများစည်းလုံးစို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား လွတ်လပ်ရေးနေ့ ဒို့မမေ့ ခေါင်းစဉ် များဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ကြောင်း ကျောင်းအုပ် ဆရာမကြီးထံမှ သိရှိရသည်။
စောဒိ(ပြန်/ဆက်)