ကသာ   ဒီဇင်ဘာ   ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကသာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အား အားကစားနှင့်ကာယပညာဆိုင်ရာများကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမ၌ အားကစားပစ္စည်းထောက်ပံ့ပေးအပ်ပွဲ၊ အားကစားနှင့်ကာယပညာဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် Physical Fitness Dance သရုပ်ပြပွဲများ  ကျင်းပသည်။

 

အဆိုပါအခမ်းအနားတွင် ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းက အဖွင့်အမှာ စကား ပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့် ဝန်းက အားကစားနှင့်ကာယပညာဆိုင်ရာများကို အသိပညာပေးဟောပြောကာ တာဝန်ရှိသူများက ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၆)ကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများဖြစ်သည့် ပိုက်ကျော်ခြင်းလုံး(၅)လုံး၊ ဘောလုံး(၅)လုံးနှင့် ဘော်လီဘော(၁)လုံးစီ တို့ကို အသီးသီးပေးအပ်လှူဒါန်းရာ ကျောင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက် ကသာမြို့ရှိ Fitness Dance အဖွဲ့က အခမ်းအနားတက်ရောက်လာသူများအား Physical Fitness Dance အကများဖြင့် သရုပ်ပြတင်ဆက်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)