ဒီဇင်ဘာ ၂၈
အာဂျင်တီးနားနိုင်ငံတွင် လွန်ခဲ့သော၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၂၀၂၆၃ ဦးရှိပြီး ၃၁ ဦး ထပ်မံသေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။
အဆိုပါကူးစက်မှုသည် ငါးလအတွင်း အမြင့်မားဆုံးဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်က စံချိန်တင် ရောဂါကူးစက်ခံရသူဦးရေ ၂၁၅၉၀ထက် အနည်းငယ်သာ လျော့နည်းသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ရောဂါကူးစက်ခံရသူပေါင်း ၅၄၈၀၃၀၅ ဦးရှိကြောင်းနှင့် သေဆုံးသူပေါင်း ၁၁၇၀၆၆ ဦးရှိကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၉၂၃၉၅ ဦးရှိသည်။
အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုပိုမိုလျင်မြန်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများလည်း ကူးစက်ခံရကြောင်း၊ ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသူများတွင် ရောဂါကူးစက်ခံရသဖြင့် ကိုဗစ်ကာကွယ်ဆေး သည်အကျိုးသက်ရောက်ခြင်းမရှိဟု မဆိုလိုကြောင်းနှင့် ရောဂါကူးစက်ခံရသူများအနေဖြင့် ရောဂါပြင်းထန်စွာ မခံစားရကြောင်း ကျန်းမာရေးဝန်ကြီး ကာလာဗစ်ဇော့တီက ယမန်နေ့ကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို