ပုံပါကျင်   ဒီဇင်ဘာ   ၂၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပုံပါကျင်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါ ပြိုင်ပွဲများတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများက မုန့်စားပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ ပုလင်းရေထည့်ပြိုင်ပွဲနှင့် မီတာ ၁၀၀ ‌အပြေးပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ကျောင်းသား ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန္တာ(ပြန်/ဆက်)