မက်မန်း ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန ဉီးစီးအရာရှိ ဉီးရန်ပိုင်ဖြိုးနှင့် တပ်ဖွဲ့ဝင်များ၏ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကြိုတင်ကာကွယ်ရေး လေ့ကျင့်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၇ ရက်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
အချိန်အခါမရွေး ဖြစ်ပေါ်လာတတ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး စသည့် ဘေးအန္တရာယ်များကို လျင်မြန်စွာ ကူညီရှာဖွေ ကယ်ဆယ်နိုင်ရေးအတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုလေ့ကျင့်မှုအနေဖြင့် ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူများ၏ အသက်အန္တရာယ်ကို အချိန်တိုအတွင်း ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသုံးပြု ကယ်ဆယ်ရှာဖွေရေးကို လေ့ကျင့်ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ မိမိတို့မီးသတ်ဦးစီးဌာနအနေဖြင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများအပြင် သဘာဝဘေးအန္တရယ် ဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်တိုအတွင်း ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးအရာရှိ ဉီးရန်ပိုင်ဖြိုး၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ဌာနမှရရှိသော ရှာဖွေရေးသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန်အတွက် ဝန်ထမ်းများအား စဉ်ဆက်မပြတ် လေ့ကျင်သင်ကြား ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိသည်။
ခရိုင် ပြန်/ဆက်


