တနိုင်း   ဒီဇင်ဘာ   ၂၈

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်သည်။

 

အဆိုပါ ကျောင်းတွင်း အားကစားပြိုင်ပွဲများတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျား/မ မီတာ ၅၀ အပြေးပြိုင်ပွဲ၊ မုန့်စားပြုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

ဝါဝါ(ပြန်/ဆက်)