နယူးဒေလီ ဒီဇင်ဘာ ၂၉

 

အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၆၃၅၈ ဦး ရှိလာသောကြောင့် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၃၄၇၉၉၆၉၁ ဦး အထိရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြထားသည်။

 

ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၂၉၃ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၈၀၂၉၀ အထိ ရှိလာခဲ့သည်။ နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၇၅၄၅၆ ဦးအထိ ရှိသည်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ ၆၄၅၀ အပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူ ၃၄၂၄၃၉၄၅ ဦး ရှိလာပြီဖြစ်သည်။ ထို့အတူ နိုင်ငံအတွင်း အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူ ၆၅၃ ဦး ရှိလာပြီဖြစ်သည်။ အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ ၁၈၆ ဦး ရှိလာပြီ ဖြစ်သည်။

 

ဆင်ဟွာ