ဘိုကလေး ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အခြေခံပညာ ကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်းအားကစား ပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။
အဆိုပါ အားကစားပြိုင်ပွဲများအား တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး တို့ကို ရည်ရွယ်၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်အလိုက် မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၅၀ အပြေးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများ အပါအဝင် အားကစားနည်းမျိုးစုံ ပြုလုပ်လျက်ရှိကြောင်းနှင့် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် သက်ဆိုင်ရာ ကျောင်းများအလိုက် ဆုများ ချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)