မိုးကောင်း   ဒီဇင်ဘာ   ၂၉

 

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်မည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အထက(၂)၌ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် မိုးကောင်းမြို့နယ် ကျောင်းပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုကြပြီး ဂုဏ်ပြုလျက်ပါ ကချင်ပြည်နယ်နေ့ မှာ ခေါင်းစဉ်ဖြင့် အထက်တန်း ကျောင်းသား ကျောင်းသူ ၂၁ ဦး၊ စည်းလုံးညီညာ ကချင်ပြည်နယ်နေ့ မှာ ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၁ ဦး၊ ကချင်ပြည်နယ်နေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၄ ဦး စုစုပေါင်း ၄၆ ဦး ဖြေဆိုခဲ့သည်။

 

အဆိုပါ စာစီစာကုံးဖြေဆိုမှုကို မြို့နယ်ပညာရေးမှူး၊ ဒုတိယ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)