ဝန်းသို   ဒီဇင်ဘာ   ၂၉

 

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများကို စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ဝန်းသိုမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(ဝန်းသို)၌ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းမှ စတင်ကျင်းပခဲ့သည်။

 

အဆိုပါ အားကစားပြိုင်ပွဲများတွင် မူလတန်းအဆင့် (ကျား/မ) မီတာ ၅၀ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့် (ကျား/မ) မီတာ ၅၀ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ (မ)ထုပ်ဆီးတိုးပြိုင်ပွဲ၊ အထက်တန်းအဆင့် မီတာ ၅၀ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊  အိတ်စွပ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ (မ)ထုပ်ဆီးတိုးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)