မောက်မယ် ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ချိုချိုလွင်က မောက်မယ်မြို့နယ် ရှိ ဘိုးဘွားများအား ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စုရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၆၂ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ငွေ ကျပ် ၁၈၆၀၀၀ဝ ကို တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဆက်လက်ထောက်ပံ့ပေးနိုင်ရန် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)