ပွင့်ဖြူ   ဒီဇင်ဘာ   ၂၉

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  မြို့နယ်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ (ထက်၊ လယ်၊ မူ) စာစီစာကုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ စာစီစာကုံးပြိုင်ပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ခေါင်းစဉ်ဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ မူလတန်းအဆင့် ၂၆ ဦး၊ အလယ်တန်း အဆင့် ၂၇ ဦး၊ အထက်တန်း အဆင့် ၃၂ ဦးဖြင့် စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ၈၅ ဦးရှိကြောင်းနှင့် ဆုရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ခင်ဝါဝါလှိုင်(ပြန်/ဆက်)