တောင်ကြီး ဒီဇင်ဘာ  ၃၀

၂၀၂၁ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၉  ညနေ ၄ နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များက အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အသင်းနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်းအင်းဦးစီးဌာနတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြရာ ပြည်နယ်ရဲတပ်ဖွဲ့က ၄ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပထမဆုရရှိသော ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အား ငွေသားကျပ်(၅)သိန်း နှင့် ဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ချီးမြှင့်သည်။ ဒုတိယဆုရရှိသော ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်းအင်းဦးစီးဌာနအသင်းအား ဆုတံဆိပ်နှင့် ငွေသား ကျပ်(၃)သိန်း၊ ပူးတွဲတတိယဆုရရှိသော မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းတို့အား  ဆုတံဆိပ်နှင့် ငွေသားကျပ် (၂)သိန်းစီ၊ ပြိုင်ပွဲဝင်ဌာနအသင်းများအား ငွေသားကျပ်(၁)သိန်းစီ၊ အကောင်းဆုံးဂိုးသမားဆုရရှိသူအား ငွေသားကျပ် (၅)သောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိသူများကို ငွေသားကျပ် (၅)သောင်းစီ တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)