ကြို့ပင်ကောက် ဒီဇင်ဘာ  ၃၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးသောတောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေးများထုတ်ချေးပေးလျက်ရှိရာ ယနေ့ အထိ တောင်သူ ၉၉၄ ဦးအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးထားပြီးကြောင်း သိရသည်။

ယခင်နှစ်များမှ အချိန်စေ့ချေးငွေများ ပြန်လည်ပေးဆပ်သောတောင်သူများအား ဆောင်းသီးနှံ တစ်ဧကလျှင် ချေးငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု ၂၈ အုပ်စုမှ တောင်သူ ၉၉၄ ဦး၏ လယ်ဧက ၆၂၉၈ ဧကအတွက် ချေးငွေ ကျပ် ၆၂၉၈ သိန်း ထုတ်ချေးပေးထားပြီးကြောင်း ၂၀၂၁ -၂၀၂၂ ဆောင်းသီးနှံစိုက်ရာသီတွင် ကြို့ပင်ကောက်တစ်မြို့နယ်လုံးရှိကျေးရွာအုပ်စု ၅၁ အုပ်စုမှ တောင်သူ ၂၄၁၂ ဦး၏ လျာထားလယ်ဧက ၁၇၀၀၀ အတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဝင်းနိုင်ထွန်းထံမှ သိရသည်။ 

ဇေယျာထွန်း(ကြို့ပင်ကောက်)