မြစ်သား   ဒီဇင်ဘာ   ၃၀

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်းရှိ လမ်းခွ၊ အေးစိမ့်ကျေးရွာ နှစ်ရွာမှ ဒေသခံ ကျေးလက်နေပြည်သူများ ရာသီမရွေးအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်း မြေသား လမ်းများအား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

လမ်းခွကျေးရွာတွင် ကွန်ကရစ်လမ်းအရှည် ပေ ၈၀၀ ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မခင်းခြင်းလုပ်ငန်း၊ အေးစိမ့်ကျေးရွာတွင် ကွန်ကရစ်လမ်းအရှည် ပေ ၈၀၀၊  အကျယ် ၁၂ ပေ၊ ထု ၆ လက်မခင်းခြင်း လုပ်ငန်းတို့အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၂၀၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ ကျပ်သိန်း ၆၀၊ စုစုပေါင်းရန်ပုံငွေကျပ်သိန်း ၂၆၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် ဒေသခံပြည်သူများကိုယ်တိုင် ယခုနှစ် ဒီဇင်ဘာလပထမပတ်က စတင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၂၂၂ အိမ်မှ ဒေသခံကျေးလက်နေပြည်သူ ၁၀၀၀ ကျော်တို့ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် လယ်ယာသီးနှံထွက်ကုန်များကိုလည်း အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် သယ်ယူပို့ဆောင်ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က ပြောသည်။

အောင်သန်းဦး(ကျေးလက်)