လက်ပံတန်း   ဒီဇင်ဘာ   ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၃၀ ရက် နံက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများက ပူဖောင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မူလတန်းအထက်အဆင့်တွင် အိတ်စွပ်ပြိုင်ပွဲ၊ မီတာ ၅၀ အပြေးပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများက မီတာ ၁၀၀ အလွတ်ပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ Small goal ပြိုင်ပွဲများကို လည်းကောင်း၊ ကျောင်းသူများက  ထုပ်ဆီးတိုးပြိုင်ပွဲကိုလည်းကောင်း ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဝင့်နန္ဒာဌေး