လှိုင်းဘွဲ   ဒီဇင်ဘာ   ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် အားကစား ပြိုင်ပွဲများကို ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးကိုထိန်းသိမ်းဖို့ တိုင်းရင်းသားများစည်းလုံးစို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့် လည်းကောင်း စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ခဲ့ပြီး အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် လွန်ဆွဲပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် မီတာ ၅၀ တာတိုအပြေးပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)