နေပြည်တော်   ဒီဇင်ဘာ   ၃၀ 

နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ အစည်းအဝေးခန်းမဆောင်-၂ ၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အကူသူနာပြု(ပြင်ပ) (၉)လ သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး၊ ပါမောက္ခများ၊ သူနာပြုအုပ်ကြီး၊ သူနာပြုအုပ်များ၊ သင်ကြားရေးအဖွဲ့ဝင်များနှင့် သင်တန်းဆင်း အကူသူနာပြုများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပါမောက္ခ ဒေါက်တာကျော်စွာ (ခွဲစိတ်)က သင်တန်း ကြီးကြပ်ရေးအဖွဲ့ကိုယ်စား သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်း သင်ကြားရေးအဖွဲ့ တာဝန်ခံ သူနာပြုအုပ်ကြီး ဒေါ်စောရွှေက အမှာစကားပြောကြားပြီး ဆုရရှိသူ သင်တန်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် အကူသူနာပြု သင်တန်းဆင်း ကျောင်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်