မြို့သစ် ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုသိရှိစေရန်အတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များအား ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာစျေးနှင့် ကားဂိတ်များသို့ သွားရောက်ကာ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး သတင်းစကားလက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ ကဗျာဆရာ ဖိုလေးလုံး သောင်းကိုကို ရေးသားသည့် “တို့များဆင်မြန်းလွတ်လပ်ပန်း”ကဗျာနှင့်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကဗျာတို့ ပါဝင်ကြောင်း သိရသည်။
သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)


