ဝန်းသို ဒီဇင်ဘာ ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ တုံးကြိတ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းအတိုင်းအတာမှာ လမ်းအရှည်ပေ ၅၀၀၊ လမ်းအကျယ် ၁၂ပေနှင့် ထုကိုးလက်မဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀၀ အပြင် ပြည်သူထည့်ဝင်ငွေကျပ် ခြောက်သိန်းသုံးသောင်းအကုန်အကျခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကွန်ကရစ်လမ်းလုပ်ငန်း အားလုံး ဆောင်ရွက်ပြီးစီးပါက တုံးကြိတ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား ကျောင်းသူများ၏ ပညာရေးကဏ္ဍအတွက်သာမက ယင်းကျေးရွာရှိ အိမ်ခြေ ၃၄ လုံး၊ လူဦးရေ ၁၇၉ ဦးအတွက် ကျန်းမာရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများအတွက်ပါ အကျိုးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်းသိုမြို့နယ်အတွင်းရှိ တုံးကြိတ်ကျေးရွာပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း၊ ယခုခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


မင်းမြင့်မိုရ်(ကျေးလက်)