တနင်္သာရီ ဒီဇင်ဘာ ၃၁

           

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ နှင့်ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာစစ်ဌာန(၃)ခုမှ ဖြေဆိုမည့်သူ(၂၅၇)ဦးနှင့် ပြင်ပဖြေဆိုမည့်သူ (၉၄)ဦး စုစုပေါင်း ကျောင်းသူ၊ ကျောင်းသားပေါင်း(၃၅၁)ဦးတို့က စာမေးပွဲဝင်ရောက် ဖြေဆိုရန်အတွက် ဒီဇင်ဘာ (၃၁)ရက်အထိ  ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

           

တနင်္သာရီမြို့နယ်၊ အထက-တနင်္သာရီစာစစ်ဌာန အတွင်းဖြေဆိုမည့်သူ အတွဲ(၁)(၁၁၆)ဦး၊ အတွဲ(၇)(၁၁)ဦးနှင့်အတွဲ(၂)(၁၃)ဦး၊  ပြင်ပဖြေဆိုမည့်သူ အတွဲ(၁)(၆၈)ဦး၊ အတွဲ(၇) (၂)ဦး၊ အတွဲ(၂)(၈)ဦး စုစုပေါင်း(၂၁၈)ဦး၊ အလားတူ အထက-ညောင်ပင်ကွင်းစာစစ်ဌာန အတွင်းဖြေဆိုမည့်သူ အတွဲ(၁) (၄၅)ဦး၊ ပြင်ပဖြေဆိုမည့်သူ အတွဲ(၁) (၁၈)ဦး စုစုပေါင်း(၆၃)ဦး၊  အလားတူ အထက-မော်တုန်းစာစစ်ဌာနအတွင်း ဖြေဆိုမည့်သူ အတွဲ(၁) (၅၀)ဦး၊ အတွဲ(၇) (၄)ဦး၊ ပြင်ပဖြေဆိုမည့်သူ အတွဲ(၁၅)ဦး စုစုပေါင်း(၆၉)ဦးတို့ဖြစ်ကြရာ စာစစ်ဌာန(၃)ခုမှ ကျောင်းသား၊ ကျောင်းသူပေါင်း(၃၅၁)ဦးတို့က ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများအား သက်ဆိုင်ရာစာစစ်ဌာနမျာသို့ ဖြေဆိုခွင့် လျှောက်ထားကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

           

တနင်္သာရီမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် စာစစ်ဌာန(၄)ခုရှိသည့် အနက် တကူကျေးရွာအုပ်စု အထက-တကူကျောင်းသည် နယ်မြေလုံခြုံရေး အခြေအနေအရ ယခုနှစ် ပညာသင်နှစ်အတွင်း ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)