စဉ့်ကိုင်  ဒီဇင်ဘာ  ၃၁

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင်  ၂၀၂၀-၂၀၂၁ ခုနှစ်၊ မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစံပြကွက် ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၁၀ နာရီက  မီးသွေးဘုတ်ကျေးရွာအုပ်စု၊  နတ်ရေကန်ကျေးရွာရှိ ဧကတောင်သူ   ဦးကံတင်၏  ဝါသီးနှံစံပြကွက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

ဝါသီးနှံစံကွက်ရိတ်သိမ်းပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်စိုးစိုး က စဉ့်ကိုင်မြို့နယ်တွင်  ၂၀၂၀-၂၀၂၁ ခုနှစ်၊   မိုး​နှောင်းချည်မျှင်ရှည်ဝါ   စိုက်ဧက (၅၅၃၉) ဧက  စိုက်ပျိုးထားရှိပြီး ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးအတွက်   အထူးဇုန် ဧက(၂၀၀) စံပြကွက်ကို  မီးသွေးဘုတ်ကျေးရွာအုပ်စုတွင် ရွှေတောင်-၁၀ ဝါမျိုးကို F.S မျိုးသန့် အဆင့်ဖြင့် စိုက်ပျိုးထားရှိရာ လာမည့်ဝါစိုက်ပျိုးရာသီတွင် မျိုးစေ့အဖြစ် ပြန်လည်အသုံးပြုနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ တောင်သူနှင့် ပုဂ္ဂလိကအစီအစဉ်များဖြင့် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ဝါသီးနှံစံပြကွက်ရိတ်သိမ်းခဲ့ရာ ဝါတစ်ဧက ပျမ်းမျှအထွက်နှုန်း (၆၅၁)ပိသာ ထွက်ရှိခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)