ပွင့်ဖြူ ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ ခြောက်လတာကာလ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း( VDP ) ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်တွင် ဒေသခံနေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရာ မကြာမီပြီးစီးတော့ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည်ပေ ၇၄၀ ပေရှိပြီး ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ ခြောက်လဘတ်ဂျတ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ( VDP ) စီမံကိန်းရန်ပုံငွေကျပ် သိန်း ( ၁၀၀ )၊ ပြည်သူလူထု ထည့်ဝင်ငွေကျပ် ( ၄ ဒသမ ၆၁ ) သန်းဖြင့် လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်း အဖြစ် ကျေးရွာစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီက တာဝန်ယူ၍ ယခုလ (၆)ရက်က စတင်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် လိုအပ်သည့် နည်းပညာများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခုအခါ ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယင်းကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာရှိ အိမ်ထောင်စု ၅၁၆ စုရှိ ဒေသခံပြည်သူများအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် လယ်ယာသီးနှံ ထွက်ကုန်များကိုလည်း အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )