ညောင်ဦး   ဒီဇင်ဘာ   ၃၁

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၃၀ ရက်က ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တူညီဝတ်စုံများ ထောက်ပံ့ပေးခြင်းကို ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်အောင်က ပွင့်လင်းရာသီကာလရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်‌ ကာကွယ်ရေး ဆိုင်ရာလုပ်ငန်းများကို ပြည်သူလူထု သိရှိလိုက်နာဆောင်ရွက်ရေး၊ အသံချဲ့စက်ယာဉ်ဖြင့် မီးဘေးလုံခြုံရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများနှင့် ရပ်ကွက်/ကျေးရွာများအလိုက် မီးဘေးလုံခြုံမှုရှိ/မရှိ စစ်ဆေး ဆောင်ရွက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတပ်ဖွဲ့ဝင်များအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွားပါက ထိရောက်စွာ သွားရောက်ကူညီ ငြှိမ်းသတ်နိုင်ရေးအတွက် အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း ဆွေး‌နွေး‌မှာကြားသည်။

 

ထို့နောက် ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်နှင့်ဇနီး မိသားစုက ခရိုင်မီးသတ်ဦးစီးဌာနရှိ မီးသတ်တပ်ဖွဲ့ဝင်များကို တူညီဝတ်စုံများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး စုပေါင်းအမှတ်တရ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)