မြန်အောင် ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ကဇွန်းခုံလျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ နွေစပါးနှင့် အခြားသီးနှံ လျာထားဧက ၅၀၀ စိုက်ပျိုးနိုင်ရန် ဇန်နဝါရီ ၁ ရက် နံနက်မှစ၍ ရေပေးဝေလျက် ရှိသည်။
ကဇွန်းခုံလျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ မြန်အောင်မြို့နယ် ကဇွန်းခုံကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာအုပ်စုနှင့် ကနောင် အမှတ်(၅)ရပ်ကွက်တို့ရှိ နွေစပါးလျာထား ဧက ၃၀၀ နှင့် အခြားသီးနှံလျာထားဧက ၂၀၀ စိုက်ပျိူနိုင်ရန် ရေပေးဝေလျက်ရှိသည်။
နွေစပါးနှင့် အခြားသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ နွေနှမ်းစသည့် သီးနှံများစိုက်ပျိုးနိုင်ရန် DY-1၊ DY-2၊ DY-3၊ DY-4 ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ ရေအသုံးချမည့် တောင်သူများ ရေအပြည့်အဝ ရရှိပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး ရေပေးဝေမည့်မြောင်းများ ကောင်းမွန်စေရန် ဆောင်ရွက်ထားရှိကြောင်း မြန်အောင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ဦးစီးအရာရှိ ဦးခိုင်မင်းအောင်ထံမှ သိရသည်။
ဝင်းဗိုလ်(မြန်အောင်)


