အိမ်မဲ   ဇန်နဝါရီ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် Clean City ဖြစ်လာစေရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးများ ဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် အဖွဲ့၀န်ထမ်းများ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၇၅ ဦးခန့်က လယ်ပေါ်ရပ်ကွက် နှင်းဆီလမ်းထိပ် ကမ်းနားဘက်အခြမ်း စွန့်ပစ်အမှိုက်များအား စုပေါင်းရှင်းလင်းကြပြီး အမှိုက်ကားများဖြင့် သယ်ယူစွန့်ပြစ်ပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)