လဲချား ဇန်နဝါရီ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ (ထက်၊ လယ်) စာစီစာကုံးပြိုင်ပွဲကို ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီ အချိန်က လဲချားမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ``လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့ ´´ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲသို့ လဲချားမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆)ဦးဝင်ရောက် ဖြေဆိုယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၄)ရက်တွင် ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများကို ပေးအပ်ချီးမြှင့်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
လွှမ်းသူနောင် (လဲချား)


